“၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ယူရီးယားဓာတ်မြေဩဇာတန်ချိန် ၃ဝ,ဝ၀၀ ထုတ်လုပ်ရန် လျာထား”

14 May

ကန်ကြီးထောင့်မြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းမှာ ယူရီးယားဓာတ်မြေဩဇာတန်ချိန် ၃၀,၀၀၀ ထုတ်လုပ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)သည် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အိုးဘိုရွာ၊ အိုးဘိုအင်းအနီးတွင်တည်ရှိပြီး စတင်လည်ပတ်သည့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှစတင်ကာ ယနေ့အချိန်အထိ စုစုပေါင်း ယူရီးယားဓာတ်မြေဩဇာ တန်ချိန် ၆၃၀,၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိတွင်လည်း ဓာတ်မြေဩဇာများကို ဆက်လက်ထုတ်လုပ်လျက်ရှိနေပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရ အဖွဲ့များမှတစ်ဆင့် တောင်သူများထံသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

14 May

ADVERTISE HERE .