“စလင်းမြို့နယ်ခရိုင် ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး စိုက်ခင်း လေးခုတည်ထောင်မည်”

14 May

စလင်းမြို့နယ် သစ်တောဦးစီးဌာနက ယခုနှစ်မိုးရာသီမှာ ခရိုင်ပေါင်း ၁၃ ခရိုင်ကို စိမ်းလန်းစိုပြည်ရေး စိုက်ခင်း လေးခုဖြင့် တည်ထောင်စိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်ပျိုးမည့်စိုက်ခင်းများအား အထူးစိမ်းသက်တမ်းရင့်ပျိုးပင်များဖြင့် ပျိုးထောင်ထားရှိကာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ စလင်းမြို့နယ်အတွင်းမှာ စိမ်းလန်းစိုပြည်၍ ရာသီဥတုကောင်းမွန်မျှတစေပြီး မြို့ပတ်ဝန်းကျင်ကျေးရွာများ အရိပ်လည်းရ၊ ထင်းလည်းရရှိကာ ပြည်သူများအား တစ်ဖက်တစ်လမ်းမှ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ်၊ မိုးရာသီကာလအတွင်း တည်ဘိုကန်ကျေးရွာ ကြိုးပြင်ကာကွယ်တော ထင်းစိုက်ခင်း ၂ဝ ဧကတွင်၊ ရှား၊ ယူကလစ်၊ တမာ၊ ယင်းမာပင် ၁၀,၈၀၀ ပင်၊ တည်ဘိုကန်ကျေးရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း ၆၂၇ ဒသမ ၆၀ ဧကတွင် ယူကလစ်ပင် ၉၄,၁၄၀ ပင်၊ တည်ဘိုကန်ကျေးရွာ ကြိုးပြင်ကာကွယ်တော ဝါးစိုက်ခင်း ၄ ဒသမ ၅ ဧကတွင် မျှင်ဝါး ၉၀၀ ပင်၊ ငွေတောင်ကျေးရွာ ၁၃ ခရိုင်အတွင်း စိမ်းလန်းစိုပြည်ရေးစိုက်ခင်း ၂၀ ဧကတွင် ယူကလစ် ၆,၀၀၀ ပင် စိုက်ပျိုးနိုင်ရန် စက်ယန္တရားကြီးများကိုအသုံးပြု၍ မြေကျင်းတူးဖော်ခြင်းလုပ်ငန်းကို အမြန်ဆုံးပြီးမြောက်နိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း သိရပါတယ်။ (NVS-004)

14 May

ADVERTISE HERE .