“ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန် အထူးဓမ္မသဘင်ပွဲ ကျင်းပမည်”

14 May

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် မြို့နယ်သံဃာ့နာယကဆရာတော်များနှင့် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ ငလျင်ဘေးသင့်ကာ အသက်ဆုံးရှုံးခဲ့ရသော ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်၊ သတ္တဝါ အပေါင်းတို့အား ရည်စူးကုသိုလ်ပြု အထူးဓမ္မသဘင်ပွဲကို မေလ ၁၉ ရက်နှင့် ၂၀ ရက်တွင် သကျမာရဇိန်သွန်းဘုရားကြီး၊ သာသနာ့ ဗိမာန်တွင် ကျင်းပပြုလုပ်သွား မယ်လို့ သိရပါတယ်။ မေလ ၁၉ ရက်မှာ နိုင်ငံကျော် ဓမ္မကထိကမြနန်းဆရာတော် ဘဒ္ဒန္တသန္ဓမ္မ ဦးစီးပဓာန နာယက၊ မြစေတီနန်းဦး စာသင်တိုက်၊ မုတ္တမမြို့၊ မွန်ပြည်နယ်နှင့် မေလ ၂၀ ရက်မှာ ခရမ်းဆရာတော် ဘဒ္ဒန္တ ဣန္ဒောဘာသ၊ ဓမ္မာစရိယ၊ မိုးကုတ်ကမ္မဌာနာစရိယ နယ်လှည့်သာသနာပြု ဓမ္မကထိက ဦးစီးပဓာနနာယက၊ ဓမ္မဝိဟာရကျောင်းတိုက်၊ ထိန်ပင်ကွင်းကျေးရွာ၊ ခရမ်းမြို့ဆရာတော်တို့က နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ရရှိလာသောအလှူငွေများကို ငလျင်ဒဏ်သင့် ဘုရား၊ စေတီ၊ ပုထိုးများပြုပြင်မွန်းမံနိုင်ရန် ပြန်လည်လှူဒါန်း သွားမှာဖြစ်ပါတယ်။ (NVS-004)

14 May

ADVERTISE HERE .