“ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် Myanmar Car Expo 2025 ပြပွဲကျင်းပမည်”
14 Mayယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်နည်းပညာအသစ်များကို တစ်နေရာတည်း၌ စုစည်း မိတ်ဆက်ပြုလုပ်မည့် Myanmar Car Expo 2025 ပြပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံမှာ မေလ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ပြပွဲကို ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့ (MORS)နှင့် Myanmar Automobile Manufacturers and Distributors Association (MAMDA) တို့က ပူးပေါင်းကျင်းပပြုလုပ်သွားမှာဖြစ်ပါ တယ်။ ပြပွဲကျင်းပရခြင်းက ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းကို ဖော်ဆောင် ခြင်းဖြစ်ပြီး ယာဉ်မောင်းသူများအတွက် အသိပညာမြှင့်တင်ရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ပါတယ်။ Myanmar Car Expo 2025 ပြပွဲတွင် ကားအမျိုးအစားစုံလင်စွာ ပြသရောင်းချမှာဖြစ်ပြီး ပြပွဲသို့ လာရောက်သူများ အနေနဲ့ အဆင့်မြင့်နည်းပညာအသစ်များကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ ဉာဏ်စမ်း မေးခွန်းများ ဖြေဆိုမှုပြိုင်ပွဲတစ်ခုကိုလည်း မေလ ၁၆ ရက်တွင် မေးခွန်းများကို Online မှ မေးမြန်းသွားမှာဖြစ်ပြီး အဖြေမှန် သူများအား ဆုကြေးငွေများ ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲသို့ ပါဝင်လိုသူများအနေနဲ့ bit.ly/MORS2025 Link တွင်လည်းကောင်း၊ QR Code ကို Scan ဖတ်၍ လည်းကောင်း ပါဝင်ဖြေဆိုနိုင်ပြီး စာရင်းပေးသွင်းဖြေဆိုသူများအနေဖြင့် Myanmar Car Expo 2025 ဖွင့်ပွဲအခမ်းအနားသို့ ကိုယ်တိုင်လာရောက်ရန်လိုအပ်မှာဖြစ်ပါတယ်။ လာရောက်နိုင်ခြင်းမရှိသူများကို ဖြေဆိုခွင့်ပြုမည်မဟုတ်ကြောင်း သိရပါတယ်။ ပြပွဲကို နံနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း ကျင်းပသွားမှာဖြစ်ပြီး မည်သူမဆို လာရောက်ကြည့်ရှု နိုင်ကြောင်း သိရပါတယ်။ (NVS-004)