“ယူရိုပါလိဂ်ဗိုလ်လုပွဲရဲ့ ကွင်းလယ်ဒိုင်အဖြစ် ဖီးလစ်ဇွာယာ ကိုင်တွယ်မည်”
14 May
မေလ ၂၂ ရက်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမယ့် မန်ယူအသင်းနှင့် စပါးအသင်းတို့ပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် ဂျာမန်လူမျိုး ဖီးလစ်ဇွာယာ က ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။ ဖီးလစ်ဇွာယာ ဟာ ဥရောပ၏ အကောင်းအဆုံးဒိုင်လူကြီးမှားထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနှင့် အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်ကို ကိုင်တွယ်ခဲ့တာ လည်း ဖြစ်ပါတယ်။ ဖီးလစ်ဇွာယာ က အခုရာသီမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်အပါအဝင် ပြိုင်ပွဲစုံ ၃၇ ပွဲအထိ ကိုင်တွယ်ထားပါတယ်။ ( NVS 008)
14 May