“ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပမည်”
13 May
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂ဝ၂၄-၂ဝ၂၅ ခုနှစ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်ထိ အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်တာကြောင့် ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ၂ဝ၂၅ ခုနှစ်၊ မေလ ၁၈ ရက် (၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်) နံနက် ၇ နာရီခွဲအချိန်၌ ရွှေတိဂုံစေတီတော်ရင်ပြင်မြောက်ဘက် ရာဟုထောင့် အောင်မြေ နေရာရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရ ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၂၁ ရက်မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ သဒ္ဓါတရားထက်သန်စွာ ကုသိုလ် ပါဝင်လှူဒါန်းခဲ့ကြသည့် ရွှေသင်္ကန်းတော်အလှူရှင်များအနေဖြင့် ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေနိုင်ရန်အတွက် အခမ်းအနားသို့တက်ရောက်နိုင်ရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဖိတ်ကြားထားပြီး အသေးစိတ်များကိုသိရှိလိုပါက ဖုန်း-၀၁၈၃၇၅၇၆၇ သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်းသိရပါတယ်။ (NVS-004)