“အီတလီအိုးပင်းရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ဆာဘာလန်ကာ”

13 May

မေလ ၁၃ ရက်က အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီအိုးပင်းပြိုင်ပွဲ အဆင့် ၁၆ ပွဲစဉ်မှာ ဆီဒင်အဆင့် (၁) တင်းနစ်မယ် ဆာဘာလန်ကာ က ယူကရိန်းတင်းနစ်မယ် မာတာကော့စ်ရတ် ကို နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အခုပွဲစဉ်မှာ ဆီဒင်အဆင့် ၁ တင်းနစ်မယ် ဆာဘာလန်က ဟာ ပထမပွဲလတ်မှာ အကောင်းဆုံးပုံစံနဲ့ ပြိုင်ဘက် ကစားသမား မာတာကော့စ်ရတ် ကို အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယပွဲလတ်မှာတော့ အပြန်အလှန်ရိုက်ချက်တွေနဲ့ အကြိတ်အနယ်ရှိခဲ့ပြီး ပွဲပြီဆုံးချိန်မှာတော့ ဆာဘာလန်ကာ က မာတာကော့စ်ရတ် ကို ၆-၁၊ ၇-၆ ဆိုတဲ့ရလဒ်နဲ့ နှစ်ပွဲပြတ် အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အီတလီအိုးပင်းရဲ့ ကွာတာဖိုင်နယ်အဆင့်အဖြစ် မေလ ၁၄ ရက်မှာ ဆီဒင်အဆင့် (၁) ဖြစ်တဲ့ ဆာဘာလန်ကာ က ဆီဒင်အဆင့် (၈) ဖြစ်တဲ့ တရုတ်တင်းနစ်မယ် ရှင်းဝန်းဂျောင်း နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)

13 May

ADVERTISE HERE .