2025 FWA Footballer of the Year လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဆာလာ ဆွတ်ခူး

11 May

ဘောလုံးသတင်းစာဆရာများအသင်း (Football Writer's Association)က စိစစ်ရွေးချယ်ပေးအပ်သည့် 2025 FWA Footballer of the Year ဆုကို လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဆာလာ က ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။ ဘောလုံးသတင်းစာဆရာများအသင်း(Football Writer's Ass-ociation)က နှစ်စဉ် FWA Footballer of the Year ဆုကို ၁၉၄၈ ခုနှစ်မှာ စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အစောပိုင်းက အဆိုပါဆုကို အကြိမ်ရေအများဆုံး ရရှိထားသည့် ကစားသမားအဖြစ် အာဆင်နယ်အသင်း ကစားသမားဟောင်း အွန်နရီက သုံးကြိမ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေသော်လည်း ယခုနှစ်တွင် ဆာလာ က ထပ်မံရရှိခဲ့တဲ့အတွက် သုံးကြိမ်မြောက်ရရှိခဲ့ခြင်းဖြစ်ပြီး အွန်နရီ၏စံချိန်ကို လိုက်မီခဲ့ကြောင်း သိရပါတယ်။ ဆာလာ အနေနဲ့ FWA Footballer of the Year ဆုကို ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ၊ ၂၀၂၁-၂၀၂၂ ဘောလုံး ရာသီနှင့် ယခု ၂၀၂၄-၂၀၂၅ ဘောလုံးရာသီတို့တွင် သုံးကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဆာလာ ဟာ ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လီဗာပူးလ်အသင်း ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ရာ၌ အဓိကကစားသမား တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ၂၈ ဂိုး သွင်းယူနိုင်ခဲ့ကာ ၁၈ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်ခဲ့လို့ သွင်းဂိုးအများဆုံး ကစား သမားစာရင်းတွင် ထိပ်ဆုံးကရပ်တည်နေပြီး ရွှေဖိနပ်ဆုနှင့် ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ရန် နီးစပ်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)

11 May

ADVERTISE HERE .