“မန်ယူအသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောကြားလိုက်တဲ့ ဂါနာချို”
09 May
အနာဂတ်နဲ့ပတ်သက်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မန်ယူအသင်းမှာ ပျော်ရွှင်နေတယ်လို့ တောင်ပံ တိုက်စစ်မှူး ဂါနာချို က ပြောကြားလိုက်ပါတယ်။ အသက် ၂၀ အရွယ် ဂါနာချိုကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ နာပိုလီအသင်းက ကမ်းလှမ်းခဲ့သလို ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် ဂါနာချိုလို ဈေးကောင်းရနိုင်တဲ့ ကစားသမားမျိုးကို ရောင်းချဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ဂါနာချို ကတော့ မန်ယူအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိထားသလို အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ မန်ယူနည်းပြသစ် အမ်မိုရင် ရဲ့ ကစားကွက်မှာ အစပိုင်းက အသားမကျမှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ တော့ အမ်မိုရင် အားထားရတဲ့ ကစားသမားဖြစ်လာခဲ့သလို အခုရာသီမှာ မန်ယူကစားသမားဘဝ ဂိုးပါဝင်ပတ်သက်မှု အများဆုံးဘောလုံးရာသီ တစ်ခုကိုလည်း ဂါနာချို က ပိုင်ဆိုင်ထားပါတယ်။ (NVS 008)