“လီကန်အင်းကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အာဆင်နယ်”
09 May
အာဆင်နယ်အသင်းက PSG အသင်းမှ တောင်ကိုရီးယားတိုက်စစ်ကစားသမား လီကန်အင်း ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းသိရပါတယ်။ အသက် ၂၄ နှစ်အရွယ် လီကန်အင်း က ယခုရာသီ PSG အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး အရန်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရနေပါတယ်။ ဒါကြောင့် PSG အသင်းက လာမည့် နွေရာသီမှာ လီကန်အင်း ကို ရောင်းထုတ်ရန်စီစဉ်နေပြီး အာဆင်နယ်အသင်းက စိတ်ဝင်စားလာခြင်း ဖြစ်ကြောင်း သိရပါတယ်။ PSG အသင်းက လီကန်အင်းအတွက် ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုများကို လက်ခံဖွယ်ရှိနေကြောင်း သိရပါတယ်။ (NVS 008)
09 May