“အိမ်ကွင်းမှာ အနိုင်ယူပြီး ကွန်းဖရန့်လိဂ်ဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ ချဲလ်ဆီးအသင်း”

09 May

မေလ ၉ ရက်‌ နံနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ယာဂါးဒန်း အသင်းကို အနိုင်ရရှိခဲ့ပြီး ကွန်းဖရန့်လိဂ်ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ အိမ်ရှင် ချဲလ်ဆီးအသင်းက ပထမအကျော့မှာ ဂိုးရလဒ်အသာစီးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ယာဂါးဒန်းအသင်းကို အိမ်ကွင်းစတမ်းဖို့ဒ်မှာ အသာစီးနဲ့ ဖိအားပေးယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးဆုံးချိန်မှာ အိမ်ရှင်ချဲလ်ဆီးအသင်းက ပထမပိုင်းပွဲချိန် ၃၈ မိနစ်မှာ သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကွန်းဖရန့်လိဂ် ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ကွန်းဖရန့်လိဂ်ဖိုင်နယ်အဆင့်မှာ ချဲလ်ဆီးအသင်းဟာ ဖီအိုရင်တီးနားအသင်းကို နှစ်ကျော့ပေါင်း ၄ ဂိုး၊ ၃ ဂိုး အနိုင်ရရှိခဲ့တဲ့ ဘတ်တစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)

09 May

ADVERTISE HERE .