“လာမည့်ရာသီမှာ ချန်ပီယံလိဂ်ကို ရယူပေးမယ်လို့ ကတိပေးပြောကြားခဲ့တဲ့ ယာမယ်”

08 May

ဘာစီလိုနာလူငယ်တိုက်စစ်ကစားသမား ယာမယ် က လာမည့်ရာသီမှာ ချန်ပီယံလိဂ်ဖလားကို အသင်း အတွက် ရယူပေးသွားမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။ ယခုရာသီချန်ပီယံလိဂ်မှာ ဘာစီလိုနာအသင်းက ဗိုလ်စွဲရန်ရေပန်းစားခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာ အင်တာမီလန်အသင်းကို နှစ်ကျော့ပေါင်း ၇ ဂိုး ၆ ဂိုးနဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။ ဒါပေမယ့် ယာမယ် က လာမည့်ရာသီများမှာ ဘာစီလိုနာပရိသတ်များအတွက် ချန်ပီယံလိဂ်ကို ရယူပေးသွားမယ်လို့ ကတိပေးပြောကြား ခဲ့ပါတယ်။ (NVS 008)

08 May

ADVERTISE HERE .