မန်စီးတီးအသင်းက ပီအက်စ်ဂျီအသင်းမှ လူငယ်တိုက်စစ်ကစားသမား ဆန်ဂါရီ ကိုခေါ်ယူရန် သဘောတူညီမှုရရှိ
04 May
မန်စီးတီးအသင်းက ပီအက်စ်ဂျီလူငယ်အသင်းမှ လူငယ်တိုက်စစ်ကစားသမား ဆန်ဂါရီ ကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဆန်ဂါရီ ဟာ ပီအက်စ်ဂျီ ယူ-၁၉ အသင်း နှင့်အတူ အကောင်းဆုံးခြေစွမ်းကို ပြသလျက်ရှိပြီး အသင်းနှင့်အတူ ၄၆ ပွဲကစားခဲ့ရာ ၄၈ ဂိုးသွင်းယူနိုင်တဲ့အထိ ခြေစွမ်း ပြကစားနိုင်ခဲ့ပြီးနောက် ဥရောပထိပ်တန်းအသင်းကြီးများရဲ့ ပစ်မှတ်ထားခံခဲ့ရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက လက်ရှိအသင်းကြီးတွင်လည်း ဘာကိုလာ၊ ဒိုအူ နဲ့ ဇာဂူရီ အစရှိတဲ့ လူငယ်ကစားသမား များကို နေရာပေးထားတဲ့အတွက် ဆန်ဂါရီ အနေနဲ့ အသင်းကြီးတွင် ပါဝင်ကစားခွင့်ရရှိရန် မလွယ်ကူသည့် အခြေအနေ များကြောင့် အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဆန်ဂါရီ မန်စီးတီးအသင်းနှင့်အတူ ချဲလ်ဆီးအသင်းနဲ့ မန်ယူအသင်း တို့က ခေါ်ယူရန်ကြိုးပမ်းခဲ့ကြပေမယ့် မန်စီးတီးအသင်းက သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းက ကာလရှည်ကစားခဲ့ကြတဲ့ ဝါရင့် ကစားသမားအများစုနဲ့ လမ်းခွဲမှာဖြစ်လို့ အသင်းကို မျိုးဆက်သစ်ကစားသမားများနှင့် ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်နေပြီး အပြောင်းအရွှေ့ကာလတွင်လည်း လူငယ်ကစားသမားအများစုကိုခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)