နိုက်အသင်း၏ ရှယ်ယာအားလုံးကို ရောင်းချမည့် ဆာဂျင်ရက်ကလစ်

04 May

နိုက်အသင်းပိုင်ရှင် ဆာဂျင် ရက်ကလစ် က အသင်းရဲ့ ရှယ်ယာအားလုံးကို ရောင်းချရန်ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ ဆာဂျင်ရက်ကလစ် ဟာ နိုက်အသင်းကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အသင်းရဲ့ ရှယ်ယာအများစုကို စတာလင်ပေါင် ၈၉ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် အသင်းပိုင်ရှင်သစ် ဖြစ်လာခဲ့ပါတယ်။ ဆာဂျင်ရက်ကလစ် အနေနဲ့ နိုက်အသင်းကို ဝယ်ယူခဲ့ပြီးနောက် နောက်ထပ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ ရှယ်ယာအများစုကိုလည်း ပြီးခဲ့တဲ့နှစ်က ဝယ်ယူခဲ့ပြီးနောက် ပူးတွဲအသင်းပိုင်ရှင် ဖြစ်လာခဲ့ပါတယ်။ ဆာဂျင်ရက်ကလစ် ဟာ နိုက်အသင်းနဲ့ မန်ယူအသင်း တို့ကို ပူးတွဲပိုင်ဆိုင်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် ကလပ်အသင်းနှစ်သင်းအတွက် ခက်ခဲနေခဲ့လို့ မန်ယူအသင်းထံ ရင်းနှီးမှုများ ပိုမိုလုပ်ဆောင်နိုင်ရန် အတွက် နိုက်အသင်းကို ပြန်လည်ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် နိုက်အသင်းရဲ့ ရှယ်ယာအားလုံးကို ယူရို ၂၁၆ သန်းဖြင့် ရောင်းချရန် ဆာဂျင်ရက်ကလစ် က ဆုံးဖြတ်ထားကြောင်း သိရပါတယ်။(NVS 008)

04 May

ADVERTISE HERE .