အေစီမီလန်အသင်းက ကာလာဖီအိုရီကို ယူရို ၃၅ သန်းဖြင့် ခေါ်ယူရန်စီစဉ်

04 May

အေစီမီလန်အသင်းက အာဆင်နယ်အသင်းမှ ရောင်းချရန်စီစဉ်နေတဲ့ ခံစစ်ကစားသမား ကာလာဖီအိုရီ ကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းဝန်းကျင်ဖြင့် ခေါ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။ လက်ရှိတွင် အေစီမီလန် အသင်းက ဗဟိုခံစစ်ကစားသမား တိုမိုရီ ကို အလိုက်ပေးမည့်အပြင် ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းဝန်းကျင် အသုံးပြုမှာဖြစ်လို့ ကာလာဖီအိုရီ ကို ခေါ်ယူနိုင်ရန် သေချာနေတာပါတယ်။ အသက် ၂၂ နှစ်အရွယ် ခံစစ်ကစားသမား ကာလာဖီအိုရီ ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ဘိုလော့နာ အသင်းမှ အာဆင်နယ်အသင်းသို့ ယူရို သန်း ၄၀ ဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး အသင်းနှင့်ပါဝင်ခဲ့သည့် ပွဲစဉ်များတွင် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒူးဒဏ်ရာကြောင့် ပွဲကစားချိန်လျော့နည်းခဲ့ပြီး ပွဲဦးထွက်ရာသီတွင် ရုန်းကန်ခဲ့ရသဖြင့် အာဆင်နယ်အသင်းအတွက် မိနစ်ပေါင်း ၁,၄၀၀ သာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းက လာမည့်နွေရာသီတွင် ကာလာဖီအိုရီ ကို ပြန်လည်ရောင်းချသွားရန် ဆုံးဖြတ်ခဲ့ကာ အသင်းဗဟိုခံစစ်ပိုင်းတွင် ပရီးမီးယားလိဂ်အတွေ့အကြုံရှိသည့် ကစားသမားတစ်ဦးအားခေါ်ယူရန် ဆန္ဒရှိနေတာကြောင့် အေစီမီလန်အသင်းက ဗဟိုခံစစ်ကစားသမား တိုမိုရီ ကို အလိုက်ပေး၍ ယူရို ၃၅ သန်းဝန်းကျင်ဖြင့် ခေါ်ယူနိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)

04 May

ADVERTISE HERE .