ငလျင်ဒဏ်သင့်ဒေသရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်း

03 May

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို မေလ ၂ ရက်က စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးအား စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဒဏ်သင့်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များ၊ သီလရှင်သင်ပညာရေးကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပျက်စီးဆုံးရှုံးသွားသည့်အရာများ ပြန်လည် ကုစားရေး၊ ကူည်ီထောက်ပံ့မှုများပြုလုပ်နိုင်ရေးတို့အတွက် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ အစည်းအဝေး တက်ရောက်လာကြသော စစ်ကိုင်းတိုင်းဒေသကြီး ဘ/က ဥက္ကဋ္ဌဆရာတော်၊ IBEC ဆရာတော်၊ ဘ/က ကျောင်းများမှဆရာတော်များ၊ သီလရှင်ဆရာလေးများ၊ ကူညီထောက်ပံ့မှုများပေးအပ်မည့် FLYDO လူမှုကူညီရေးအသင်းမှတာဝန်ရှိသူများက မိမိတို့ကျောင်းပြိုကျပျက်စီးမှု၊ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင် ထားရှိမှုနှင့် လိုအပ်သည့် ကူညီထောက်ပံမှုများပေးအပ်နိုင်ရေးတို့ကို ဆွေးနွေးလျှောက်ထားခဲ့ကြပြီး IBEC ဆရာတော်မှ ဘ/က နှင့် သ/က ကျောင်းများ၏အခြေအနေများကိုသုံးသပ်၍ အနှစ်ချုပ်လျှောက်ထားခဲ့ကာ လိုအပ် သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန် အစီအစဥ်များရေးဆွဲခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

03 May

ADVERTISE HERE .