"ငလျင်ဒဏ်သင့်ဒေသများတွင် ရေဂါလံ ၅ သန်းကျော် လှူဒါန်းပြီးဖြစ်"
02 May
နေပြည်တော်အပါအဝင် ငလျင်ကြီးဒဏ်သင့်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့တွင် မတ်လ ၂၈ ရက်ကနေ ဧပြီလ ၂၉ ရက်အထိ သောက်သုံးရေ ဂါလန် ၅ သန်းကျော်ကို လှူဒါန်းပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ လှူဒါန်းမှုအနေနဲ့ နေပြည်တော်မှာ ရေဂါလံ ၄ သန်းကျော်၊ စစ်ကိုင်းဒေသကြီးမှာ ရေဂါလံ ၅ သိန်းခွဲ နီးပါး၊ ပဲခူးတိုင်းဒေသကြီးမှာ ရေဂါလံ ၃ သိန်းခွဲကျော်၊ မန္တလေးတိုင်းဒေသကြီးမှာ ရေဂါလံ ၁ သိန်း ၈ သောင်းကျော်နဲ့ ရှမ်းပြည်နယ်မှာ ရေဂါလံ ၆ သောင်းကျော် လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလိုလှူဒါန်းရာမှာ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံတာမျိုးမရှိဘဲ အခမဲ့လှူဒါန်းပေးခဲ့ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေနဲ့ ငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေမှာ ရှာဖွေရေးကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိရာမှာ တွေ့ရှိရတဲ့ ရွှေ၊ ငွေကြေးနဲ့ အဖိုးတန်ပစ္စည်းတွေကို လည်း ပိုင်ရှင်များထံသို့ စနစ်တကျ ပြန်လည်အပ်နှံပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ (NVS 004)