အသင်းပြောင်းရွှေ့လိုကြောင်း စပါးနောက်ခံကစားသမား ရိုမဲရိုး ဝန်ခံပြောကြား
01 May
စပါးနောက်ခံကစားသမား ရိုမဲရိုး က ကစားသမားဘဝတိုးတက်ရန်အတွက် အသင်းပြောင်းရွှေ့လိုကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ အသက်၂၆ နှစ်အရွယ် ရိုမဲရိုး အနေနဲ့ စပါးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း အသင်းရဲ့စီမံကိန်းများနဲ့ပတ်သက်ပြီး စိတ်ပျက်နေကာ လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ လက်ရှိတွင် ရိုမဲရိုး ကိုခေါ်ယူရန် စပိန်ထိပ်သီးအသင်းဖြစ်တဲ့ အက်သလက်တီကိုအသင်းက စိတ်ဝင်စားနေပြီး ရိုမဲရိုး အနေနဲ့ အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီ နဲ့ စကားပြောဆိုမှုများ ပြုလုပ်ထားပြီးဖြစ်ကာ စပါး အသင်းကလည်း ရိုမဲရိုး အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၇၅ သန်းဝန်းကျင် အလိုရှိနေကြောင်းသိရပါတယ်။(NVS 008)
01 May