ရီးရဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဗင်နီစီးယပ်စ်ဆုံးဖြတ်

01 May

ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား ဗင်နီစီးယပ်စ် က အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ရီးရဲလ်အသင်းက ယခုရာသီကုန်တွင် တရားဝင်ကြေညာသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဆော်ဒီပရိုလိဂ်က အသက် ၂၄ နှစ်အရွယ် တိုက်စစ်ကစားသမား ဗင်နီစီးယပ်စ် ကိုခေါ်ယူရန် ပြီးခဲ့တဲ့နွေရာသီ မှာ စိတ်ဝင်စားခဲ့ပြီး ငါးနှစ်စာချုပ်အတွက် ယူရိုတစ်ဘီလီယံဖြင့် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ပယ်ချခဲ့တာဖြစ်ပါတယ်။ ဗင်နီစီးယပ်စ် အနေနဲ့ ရီးရဲလ်အသင်းတွင်သာ ဆက်လက်ကစားလိုတာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်း တိုးရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းနှင့် ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်မှာ ၂၀၂၇ ခုနှစ်အထိ သက်တမ်း ရှိနေပြီး နှစ်နှစ် သို့မဟုတ် သုံးနှစ်အထိ သက်တမ်းတိုးဖွယ်ရှိကြောင်း သိရပါတယ်။ (NVS 008)

01 May

ADVERTISE HERE .