အင်္ဂလိပ်ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို နည်းပြ စကော့ပါကား ဆွတ်ခူး
01 May
၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အင်္ဂလိပ်ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဘန်လေအသင်း နည်းပြ စကော့ပါကား က ဆွတ်ခူးရရှိခဲ့ပါတယ်။ နည်းပြ စကော့ပါကား ဟာ ဘန်လေအသင်းကို ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ်။ နည်းပြ စကော့ပါကား အနေနဲ့ ဘန်လေအသင်းကို ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၄၉ ပွဲတွင် ၂၉ ပွဲနိုင်၊ ၁၆ ပွဲသရေ၊ ၄ ပွဲရှုံး ရလဒ်ကို ရရှိခဲ့ပါတယ်။ အသက် ၄၄ နှစ်အရွယ် နည်းပြ စကော့ပါကား က အခုလို တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့လို့ ပျော်ရွှင်မိကြောင်းနဲ့ ဆုရရှိတာကလည်း အသင်းသားတွေရဲ့ အစွမ်းကုန်ကြိုးစားမှုကြောင့်ဖြစ်ပြီး ဘန်လေအသင်းကို အောင်မြင်မှုတွေရရှိအောင် ကြိုးစားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)
01 May