ဒရော့ဘာ ရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့တဲ့ ဂရင်းဝုဒ်

01 May

မာဆေးလ်အသင်းတိုက်စစ်မှူး ဂရင်းဝုဒ် အနေနဲ့ ပထမဆုံးရာသီမှာ လိဂ်သွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူခဲ့ပြီး အသင်းကစားသမားဟောင်းဖြစ်သူ ဒရော့ဘာ ရဲ့ လိဂ်သွင်းဂိုးစံချိန်ကို လိုက်မီခဲ့ပါတယ်။ ဂရင်းဝုဒ် ဟာ မာဆေးလ်အသင်းသို့ ယခုနှစ်ဘောလုံးရာသီမှာ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး ပြင်သစ်လီဂူးပွဲစဉ် ၃၁ ပွဲကစားကာ သွင်းဂိုး ၁၉ ဂိုး အထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂရင်းဝုဒ် က အခုလို ဒရော့ဘာ ရဲ့စံချိန်ကို လိုက်မီခဲ့လို့ အတိုင်းမသိပျော်ရွှင်မိကြောင်းနဲ့ သွင်းဂိုးတွေ သွင်းယူနိုင်တာကလည်း အသင်းဖော်တွေရဲ့ ပံ့ပိုးကူညီမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

01 May

ADVERTISE HERE .