တစ်ရာသီအတွင်း ပြိုင်ပွဲစုံ ဂိုးပေါင်း ၅၀ ကျော် သွင်းယူနိုင်ခဲ့တဲ့ ဂျိုကာရက်စ်
01 May
စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ဂျိုကာရက်စ် ဟာ တစ်ရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုးပေါင်း ၅ဝ ကျော် သွင်းယူနိုင်သည့် မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဂျိုကာရက်စ် အနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၄၈ ပွဲကစားပြီး ၅၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းကြောင့် ယခုလို မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အကောင်းဆုံးခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဂျိုကာရက်စ် ကို ဥရောပထိပ်သီးကလပ် အသင်းများစွာကလည်း ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါတယ်။ အသက် ၂၆ နှစ်အရွယ် ဂျိုကာရက်စ် က အခုလို တစ်ရာသီအတွင်း ပြိုင်ပွဲစုံ သွင်းဂိုးပေါင်း ၅ဝ ကျော်သွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်းနဲ့ နောက်ထပ်လည်း အခုလိုသွင်းဂိုးတွေနဲ့ အသင်းကို အောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။(NVS 008)
01 May